ယနေ့ခေတ်ဘောလုံးမှာ Fullback ဆိုတဲ့ အခန်းကဏ္ဍဟာ အရင်တုန်းကလို ပြိုင်ဘက်တောင်ပံကစားသမားတွေကိုထိန်းဖို့သက်သက်ချည်းမဟုတ်တော့ဘူးဆိုတာ လူတိုင်းသိပါတယ်။အချိန်ကြာလာတာနဲ့အမျှ Fullback တွေဟာ အသင်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို အပြောင်းအလဲဖြစ်စေတတ်တဲ့ အဓိကအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ တစ်ခါတစ်ရံတော့ Fullback တစ်ဦးအောင်မြင်မှု သို့မဟုတ် မအောင်မြင်မှုကပဲ တစ်ပွဲလုံးရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတတ်ပါတယ်။
Liverpool ကို ဥပမာယူကြည့်ရအောင်။ လွန်ခဲ့သည့်နှစ်တွေထဲမှာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အဓိကထားပြီး တည်ဆောက်ပေးတာက Trent Alexander-Arnold နဲ့ Andrew Robertson တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ညာ၊ဘယ်နောက်ခံလူတွေသက်သက်မဟုတ်ပဲ အသင်းရဲ့ အဓိက Chance Creator တွေဖြစ်လာခဲ့ကြတာပါ။ Robertson ရဲ့ ဘယ်ခြမ်းတစ်လျှောက် မမောတမ်း ပြေးလွှားကစားဟန်တ္ကက Liverpool ကို ထိရောက်တဲ့ Cross တွေကို ပေးနိုင်သလို Trent ရဲ့ တိကျတဲ့ Crossing တွေက လက်နက်ဖြစ်ခဲ့ပါတယ်။ Liverpool အောင်မြင်ခဲ့တဲ့ အဓိကအကြောင်းရင်းတွေကို ဆွဲထုတ်ကြည့်ရရင် Fullback တွေကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။
ဒါပေမယ့် အခု Liverpool ဟာSlotလက်ထက် Kerkez နဲ့ Frimpong ကို ခေါ်ယူလာခဲ့ပါတယ်။ Fullback 2.0 လို့ခေါ်နိုင်သလို အသက်ငယ်၊ အမြန်နှုန်းရှိ၊ တိုက်ခိုက်စွမ်းဆောင်ရည်နဲ့ လိုက်ဖက်မယ်ထင်ရတဲ့ ကစားသမားတွေပါ။ ဒါပေမယ့် လက်တွေ့ပွဲတွေမှာတော့ Chance မဖန်တီးနိုင်တာ၊ overlap တွေ သေချာမလုပ်နိုင်တာ၊ winger တွေနဲ့ ချိန်မကိုက်တာတွေကြောင့် အသင်းတစ်ခုလုံးစွမ်းဆောင်ရည်ကျဆင်းလာပါတယ်။ တစ်ခါတစ်ရံမှာ Liverpool တိုက်စစ် လုံးဝရိုးအနေတတ်ပြီး ရှုံးပွဲတွေအဖြစ် သက်ရောက်သွားနေတာပါပဲ။
Barcelona နဲ့ PSG တွေ့ခဲ့တဲ့ မနေ့ည Champions League ပွဲကလည်း ဒီအချက်ကို ပြသပေးသွားပါတယ်။ Barcelona ရဲ့ winger တွေဟာ ဂိုးသွင်းနိုင်စွမ်းရှိပေမယ့် သူတို့ရဲ့ fullback တွေက ကောင်းကောင်း Support မလုပ်နိုင်တဲ့အတွက် ရသင့်သလောက်ဂိုးတွေမရခဲ့ပါဘူး။ overlap လုပ်ပေးတဲ့ run မရှိတာ၊ ဂိုးရှေ့မှာ space ဖွင့်ပေးတာမျိုးမရှိတာ၊ passing option တွေလည်း အားနည်းသွားတာကြောင့် Barcelona ရဲ့ တိုက်စစ်က Yamal နဲ့ Rashford ပေါ်မှာသာ ဖိအားများခဲ့ရပါတယ်။
PSG ကတော့ လုံးဝ တုံ့ပြန်ချက် အပြည့်အဝပေးနိုင်တဲ့ fullback တွေရှိခဲ့ပါတယ်။ သူတို့ဟာ တိကျသေချာတဲ့ပေးပို့မှုတွေ နဲ့ ဂိုးဖန်တီးနိုင်ခဲ့တဲ့အပြင် overlap run တွေကြောင့် PSG ရဲ့ တိုက်စစ်က သာမန်ထက်ပိုပြီး အဆင့်မြင့်သွားခဲ့ပါတယ်။
winger တွေက ထိပ်တန်းခြေစွမ်းပြသနိုင်တာ fullback တွေ ကူညီပေးတဲ့အတွက်ပါ။ ဒီလိုနဲ့ ပွဲရလဒ်ကို ပြောင်းသွားစေခဲ့တာ fullback တွေရဲ့ သက်ရောက်မှုပဲဖြစ်ပါတယ်။
ယနေ့ခေတ်ဘောလုံးမှာ Fullback များရဲ့ အဓိကအကျိုးကျေးဇူးကတော့ Defender တွေကို အပြင်ဘက်နဲ့ အတွင်းဘက် နှစ်ဖက်မျှအောင် စဉ်းစားခိုင်းပြီး hesitation တစ်ချက်ဖြစ်ရုံနဲ့ space ဖွင့်ပေးနိုင်ပါတယ်။ ထို space ကို အသုံးချနိုင်တာက အမြင့်ဆုံးအဆင့် ပွဲတွေရဲ့ အောင်မြင်မှုဖြစ်ပါတယ်။Liverpool ရဲ့ Fullback အသစ်တွေ စွမ်းဆောင်ရည်မပြည့်မီတဲ့အချိန်မှာ အသင်းတစ်ခုလုံး rhythm ပျက်နေခဲ့ရပြီး Barcelona ရဲ့ Fullback တွေအားနည်းခဲ့တဲ့အချိန်မှာလည်း PSG က အနိုင်ရနိုင်ခဲ့ပါတယ်။ ဒီတော့ ယနေ့ခေတ်ဘောလုံးမှာ Fullbackတွေဟာ ခံစစ်ကစားသမားသာ မဟုတ်တော့ပါဘူး။ သူတို့ဟာ အသင်းတစ်ခုလုံးရဲ့ စနစ်ကို အသက်သွင်းပေးတဲ့ အင်ဂျင်တွေ၊ big chance တွေကို ဖန်တီးပေးတဲ့ hidden playmaker တွေဖြစ်နေကြပါပြီ။