ဒီည Spain မြေပြင်ပေါ်မှာ Champions League ညချမ်းရဲ့ အကောင်းဆုံးပွဲကို ကြည့်ရပါတော့မယ်။
Barcelona နဲ့ Paris Saint-Germain တို့ထိပ်တိုက်တွေ့ကြမယ့်ပွဲပါ။မနှစ်က Final မှာတွေ့ကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြသည့် ဒီပွဲစဉ်ဟာ ယခုအချိန်မှာပဲ Estadi Olímpic Lluís Companys ပေါ်မှာ ယှဉ်ပြိုင်ကြတော့မယ်။ အဓိကကစားသမားတွေအချို့ ဒဏ်ရာအခက်အခဲကြောင့် မပါရင်တောင် ဒီပွဲစဉ်ဟာ အံ့သြဖွယ်အဖြစ် ဆက်ရှိနေဆဲပါပဲ။
Barcelona အတွက် ဒီညဟာ ချန်ပီယံခြေစွမ်းကိုမေးခွန်းထုတ်ကြမယ် အရေးကြီးဆုံး ပွဲလဲဖြစ်ပါတယ်။ Hansi Flick လကါအောက်မှာ လက်ရှိ Barcelona ဟာ စွမ်းဆောင်ရည် ပြန်လည်တက်လာပြီး La Liga ထိပ်တန်းမှာ ရပ်တည်နိုင်သလို Champions League ပွဲဦးထွက်မှာလည်း Newcastle ကို အနိုင်ကစားနိုင်ခဲ့တယ်။— Lamine Yamal ပြန်လာပြီ။ တစ်လနီးပါးကြာခဲ့တဲ့ groin ဒဏ်ရာကို ကျော်လွှားပြီး ကွင်းထဲကို အားပြည့်ပြန်ဝင်လာမှာပါ။ ။ Yamal ရဲ့ အနားရထားတဲ့တက်ကြွမှုဟာ Barcelona ရဲ့ ဂိုးပေါက်ကို ပြန်ဖွင့်ပေးနိုင်သလို၊ Pedri ရဲ့ အမြင်၊ Frenkie de Jong ရဲ့ control.Dani Olmo ရဲ့ ခြေစွမ်းတွေကို ကျွန်တော်တို့ပြန်လည်မြင်တွေ့ရတော့မှာပါ။ တိုက်စစ်ကို Robert Lewandowski နဲ့ Ferran Torres ထဲက ဘယ်သူဖြစ်မလဲဆိုတာကြီးမားတဲ့မေးခွန်းဖြစ်ပေမယ့် အတွေ့အကြုံပြည့်စုံတဲ့ Lewandowski ကို Hansi Flick ကမဲပေးချင်မယ်လို့ ယူဆရတယ်။ Rashford ကလည်း Raphinha အစားဝင်ကစားဖို့ ဖြစ်လာနိုင်ပါတယ်။
PSG ထဲကအဖြစ်အပျက်တွေကလည်း စိတ်ဝင်စားစရာအလွန်မျာနေပါတယ်။ Luis Enrique ဟာ Barcelona ကို ဂန္တဝင်မန်နေဂျာ အဖြစ် ပြန်လည်ဝင်လာမယ့်ပွဲဖြစ်ပြီး၊ လက်ရှိမှာတော့ PSG ကို အကောင်းဆုံဥဦးဆောင်နေနိုင်တာလဲဖြစ်ပါတယ်။ ဒါပေမယ့် အသင်းဟာ ဒဏ်ရာကစားသမားအရမ်းများနေပြီး injury crisis နဲ့ ရင်ဆိုင်နေရပါတယ်။ Ousmane Dembélé အပြင် Désiré Doué၊ Kvaratskhelia နဲ့ Marquinhos တို့ လိုအဓိက ကစားသမားတွေ အားလုံး မပါနိုင်တော့တာကြောင့် Enrique တစ်ယောက် ခေါင်းကိုက်နေမှာပါ။ PSG ဟာ အမြဲတမ်း အန္တရာယ်သားကောင်းအဖြစ်လုပ်ပြနိုင်စွမ်းရှိတာကြောင့် ဘာစီလိုနာတို့ သတိထားရမှာပါ။ Achraf Hakimi နဲ့ Nuno Mendes က အသင်းရဲ့ tempo အတက်ကျကို ထိန်းထားနိုင်သလို၊ ကွင်းလယ်မှာလည်း Vitinha, Zaire-Emery နဲ့ Fabián Ruíz တို့ ရှိနေမှာဖြစ်ပါတယ်။ Gonçalo Ramos ဟာ Barcola နဲ့ Lee Kang-In တို့နဲ့ပေါင်းစပ်ကစားမယ့် တိုက်စစ် တွဲလုံးလဲဖြစ်လာမှာပါဃ
နည်းစနစ်ပိုင်းအရ စိတ်ဝင်စားဖွယ်ကောင်းမယ့် အချက်တွေရှိနေတဲ့။ Barcelona က ဘောလုံးပိုင်ဆိုင်မှုကို ထုံးစံအတိုင်းး အသားပေးလာမှာဖြစ်ပြီး Yamal ကိုတည်ပြီး PSGကို အနိုင်ကစားမှာဖြစ်ပါတယ်။ PSG ကတော့ တိကျပြီးမြန်ဆန်တဲ့ Counter ကို မျှော်လင့်ထားမယ်လို့ ယူဆရပါမယ်။ Hakimi ရဲ့ overlap တွေ၊ Vitinha ရဲ့ midfield orchestration တွေဟာ Barcelona ကွင်းလယ်ထိန်းချုပ်မှုနဲ့ တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ Szczęsny နဲ့ Chevalier တို့ ဂိုသမားတွေအလုပ်များမှာဖြစ်ပြိီး ဂိုးအရေတွက်များများကြည့်ရမှာပါ။ Home advantage နဲ့ Yamal ရဲ့ ပြန်လာမှုကြောင့် Barcelona ဟာ တစ်ဖက်သက်ပိုပြီး ဂိုးသွင်းနိုင် မယ်လို့ ခန့်မှန်းရပါတယ်။ ခန့်မှန်းရလဒ်အနေနဲ့ကတော့ ၃-၂ဂိုးနဲ့ ဂိုးများများကြည့်ရမယ့်ပွဲလို့ဆိုချင်ပါတယ်။